အလုပ်ဗီဇာ
VISHU သည် အလုပ်ဗီဇာရရှိရေးအတွက် သင့်အားကူညီရန် အဆင်သင့်ရှိပါသည်။ သင့်တွင်ဗီဇာအခက်အခဲများ ရှိပါက၊ VISHU သို့ ဆက်သွယ်ပြီး အခမဲ့ဆွေးနွေးတိုင်ပင်နိုင်ပါသည်။

ကျွန်ုပ်တို့ကုမ္ပဏီသည် အလုပ်အကိုင်ရှာဖွေခြင်းအတွက် အထောက်အပံ့ပေးထားပြီးအလုပ်အများအပြားမှာ အင်ဂျင်နီယာပညာရှင်များ၊ စီမံခန့်ခွဲရေးဝန်ထမ်းများ၊အိုင်တီကျွမ်းကျင်ပညာရှင်များ၊ ဟိုတယ်ဝန်ထမ်းများ (စကားပြန်များ) စသည်တို့ကဲ့သို့”နည်းပညာ/လူသား၊ အသိပညာ/ နိုင်ငံတကာစီးပွားရေးဗီဇာ” နှင့် သက်ဆိုင်သော အလုပ်များကိုမိတ်ဆက်ပေးနိုင်ပါသည်။ “အလုပ်ဗီဇာ” သည် သင့်အား ဂျပန်နိုင်ငံတွင် အလုပ်လုပ်နိုင်ရန် ခွင့်ပြု ထားပြီးနေထိုင်မှုကာလကို အခြေအနေအမျိုးမျိုးဖြင့် သတ်မှတ်ကာ တစ်နှစ်၊ သုံးနှစ်၊ ငါးနှစ်အထိ ရရှိနိုင်ပါသည်။
※ လျှောက်ထားသူသည် မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ ကုမ္ပဏီမှ သင့်အား အင်တာဗျူးပြီး၊အလုပ် ခန့်ကာ ဖိတ်ခေါ်သည်နှင့် တပြိုင်နက် အလုပ်ဗီဇာ ရရှိနိုင်မည်ဖြစ်ပါသည်။
သင့်အလုပ်ကမ်းလှမ်းမှုကို လက်ခံရရှိသည်နှင့်တစ်ပြိုင်နက် အလုပ်ဗီဇာလျှောက်ထားခြင်းလုပ်ငန်းစဉ်ကိုစတင်မည် ဖြစ်ပါသည်။
အလုပ်ဗီဇာရရှိရန် အဆင့်များ

အဆင့် 1- CEO (အရည်အချင်းပြည့်မီမှုလက်မှတ်) ရရှိရန် လိုအပ်သောစာရွက်စာတမ်းများနှင့်
လျှောက်ထား တင်သွင်းရပါမည်။
လိုအပ်သောစာရွက်စာတမ်းများ-
① မိမိကိုယ်ပိုင် စာရွက်စာတမ်းများ
・အဆင့်မြင့်ပညာရေးအောင်လက်မှတ်များ
・ကိုယ်ရေးရာဇဝင်
・ဓာတ်ပုံ (အလျား 4cm x အကျယ် 3cm) ၁ပုံ
・အမျိုးအစားခွဲခြားအတည်ပြုရန်အမျိုးမျိုးသောစာရွက်စာတမ်းများ
・နိုင်ငံကူးလက်မှတ် မိတ္တူ
・ဗီဇာမိတ္တူ (ရှိလျှင်)
・နေထိုင်ခွင့်ကတ် (ဂျပန်တွင် နေထိုင်လျှက်ရှိလျှင်)
・ဂျပန်နိုင်ငံတွင် သင်နေထိုင်ခဲ့မှုသမိုင်း (ပညာရေး၊ ခရီးသွား၊ အလုပ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ဆိုင်သော အဝင်အထွက်များအားလုံးအပါအဝင်)
・အထက်ပါစာတမ်းများကို ဂျပန်ဘာသာသို့ ဘာသာပြန်ဆိုခြင်း။
※ VISHUသည် စာရွက်စာတမ်းများအား ဂျပန်ဘာသာသို့ ဘာသာပြန်ရန်အတွက်လည်းဝန်ဆောင်မှုပေးပါသည်။
② သင့်အလုပ်ရှင်ထံမှ စာရွက်စာတမ်းများ
・ကုမ္ပဏီလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အချက်အလက် (စာအုပ်ငယ်)
・လုပ်ငန်းခွင်အခြေအနေများကို အတည်ပြုသည့်စာရွက်စာတမ်းများ
・လတ်တလော ကုမ္ပဏီ၏ ဘဏ္ဍာရေးမှတ်တမ်း (ဘဏ္ဍာရေးရှင်းတမ်း စသည်တို့)၏ မိတ္တူ၊
・ကုမ္ပဏီလက်မှတ် (လုပ်ငန်းလိုင်စင်)
・အလုပ်ရှင်ထံမှ နိုင်ငံခြားသားဝန်ထမ်းကို ဖိတ်ကြားရခြင်းအကြောင်းအရင်း စာတစ်စောင်၊
・ပြန်စာစာအိတ် (စာအိတ်ပေါ်တွင်(မှတ်ပုံတင်ထားသော စာတိုက်အတွက်)) လိပ်စာကို ရေးပြီး ယန်း 404
တံဆိပ်ခေါင်းကပ်ရန်
※ လိုအပ်ပါက အလုပ်ရှင်ထံ ဆက်သွယ်ပြီး လိုအပ်သော စာရွက်စာတမ်းများကို ပြင်ဆင်ပေးပါမည်။
ဒုတိယအဆင့်- တရားရေးဝန်ကြီးဌာန၏ လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှုအေဂျင်စီမှ COE(နေထိုင်ခွင့်အရည်အချင်းပြည့်မီမှု သက်သေခံလက်မှတ်) ထုတ်ပေးသည်နှင့်တပြိုင်နက် VISHUသည်သင့်အား ချက်ခြင်းပေးပို့ပါမည်။
VISHU သည် COE (အရည်အချင်းပြည့်မီမှုလက်မှတ်) ရယူရန်နှင့် လူဝင်မှုကြီးကြပ်ရေးသို့တင်ပြရသောလိုအပ်သည့်စာရွက်စာတမ်းများပြင်ဆင်ရာတွင်ကူညီဆောင်ရွက်ပေးပါမည်။ စာရွက်စာတမ်းများကိုစိစစ်ပြီးပါက CEO လက်မှတ် (အရည်အချင်းပြည့်မီမှု လက်မှတ်) ထုတ်ယူရမည်ဖြစ်ပါသည်။
အဆင့် 3- ဗီဇာရရှိရန် လိုအပ်သောစာရွက်စာတမ်းများကို သင့်နိုင်ငံရှိ ဂျပန်သံရုံး၊ကောင်စစ်ဝန်ချုပ်ထံတင်ပြရပါမည်။
တစ်ဦးချင်းစီသည် ၎င်းတို့၏မွေးရပ်နိုင်ငံရှိ ဂျပန်သံရုံး ၊ ကောင်စစ်ဝန်ချုပ်ထံမှလိုအပ်သောစာရွက်စာတမ်းများ ထုတ်ယူရန် လိုအပ်မည်ဖြစ်ပါသည်။
"လိုအပ်သောစာရွက်စာတမ်းများ" မှာ အောက်ပါအတိုင်းဖြစ်သည်။
・လျှောက်လွှာပုံစံ- ၂ စောင်
・ပြည်တွင်း နိုင်ငံကူးလက်မှတ် မိတ္တူ ၁စောင်
・နိုင်ငံတကာနိုင်ငံကူးလက်မှတ်
・- ဗီဇာဓာတ်ပုံ (4cm x 3cm) ၁ပုံ
အဆင့် 4- ဂျပန်နိုင်ငံသို့ရောက်ရှိချိန်တွင် လေဆိပ် (အဓိကလေဆိပ် 7 ခု) ၊ မြို့တော်ခန်းမတွင်သက်သေခံကတ်ပြား (နေထိုင်ခွင့်ကတ်) ကို ရယူပါ။
※ လိုအပ်ပါက လေဆိပ်သို့လာကြိုပေးပါသည်။

Request တစ်ခု ချန်ထားခဲ့ပါ။ ပြန်လည်ဆက်သွယ်ပေးပါမည်။