ကူညီထောက်ပံ့မှု
ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်လျှက်ရှိကြသော အလုပ်သမားများနှင့်ပတ်သက်၍လုပ်ငန်းခွင်တွင်းဖြစ်ပေါ်လေ့ရှိသော လုပ်ငန်းခွင်အလေ့အထကွဲပြားမှုများ၊လူမှု့ဆက်ဆံရေးများနှင့် လုပ်ငန်းခွင်တိုးတက်ရေးဆိုင်ရာအကြောင်းများအား VISHUနှင့်လွတ်လပ်စွာ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
ဂျပန်နိုင်ငံသို့လုပ်ငန်းခွင်ဝင်ရောက်ပြီးနောက်ပိုင်းတွင်လည်း VISHUသည် SNS၊အီးမေးလ်နှင့် ဖုန်းမှတစ်ဆင့် သင့်ထံ ဆက်လက် ဆက်သွယ်ပေးပါမည်။ VISHUသည်ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်ရန် ရှာဖွေနေသူ အလုပ်သမားများအတွက် လုပ်ငန်းခွင်ဝင်ရောက်ပြီး နောက်ပိုင်းတွင်ဖြစ်ပေါ်လေ့ရှိသည့်ပြဿနာများကိုတိုင်ပင်ဆွေးနွေးနိုင်သည့်နောက်ဆက်တွဲ တာဝန်များကိုပါ ပြင်ဆင်ထားလျှက်ရှိပါသည်။ ကျေးဇူးပြုပြီးသင်သည်မည်သည့်အခက်အခဲမဆို ကျွန်တော်တို့VISHUထံသို့ဆက်သွယ်ပါ။
အကယ်၍ သင်သည် ဂျပန်နိုင်ငံတွင် လက်ရှိအလုပ်လုပ်ကိုင်လျှက်ရှိပြီး သင့်၏အလုပ်အကိုင်နှင့် ပတ်သက်၍ ပိုမိုတိုးတက်စေလိုပါက၊ သင့်အား VISHU၏ဝန်ထမ်းများမှအလုပ်အကိုင် တိုးတက်မှုဆိုင်ရာ ပံ့ပိုးကူညီမှုများနှင့်ပတ်သက်၍ ဆွေးနွေးတိုင်ပင် အကြံပေးသွားမည်ဖြစ်ပါသည်။ ဝဘ်ဆိုဒ်မှ တဆင့်လည်း စုံစမ်းမေးမြန်းနိုင်ပါသည်။
ကျေးဇူးပြု၍Job Application Formကိုဖြည့်စွက်ပါ၊ ထို့နောက် ကြိုတင်မေးမြန်းမှုအတွက် ကျွန်ုပ်တို့မှဆက်သွယ်ပေးပါမည်။
ထို့အပြင်၊ အလုပ်အကိုင် အခွင့်အလမ်းများကိုကြည့်ရှုပါ
အလုပ်လျှောက်လွှာများခေါ်ယူလျှက်ရှိပါသည်။
*အလုပ်လျှောက်ထားလိုသူများသည် မိမိတို့၏ကိုယ်ရေးအချက်အလက်များကိုပေးပို့တင်သွင်း ပြီးမှသာ၊ ဆက်လက်လုပ်ဆောင်မည်ဖြစ်ပါသည်။အသေးစိတ်အချက်အလက်များအတွက် လင့်ခ်ကိုနှိပ်ပါ။
ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်ရန် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ
1.(အသင်းဝင်မှတ်ပုံတင်ခြင်း)
ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်လိုပါက အသင်းဝင်အဖြစ် (Job Application Form) ဦးစွာ စာရင်းပေးသွင်းပါ။

ဝင်ခွင့်ဖောင်တွင် ညွှန်ကြားချက်များအတိုင်း လိုအပ်သည့်အချက်အလက်များကို ထည့်သွင်းပါ။ဝင်ခွင့်ဖောင်ပုံစံကို ဂျပန်ဘာသာဗားရှင်းနှင့် ရုရှားဘာသာဗားရှင်းတို့ဖြင့် ရနိုင်သော်လည်း၊
တတ်နိုင်သမျှ ဂျပန်ဘာသာဗားရှင်းကို အသုံးပြုပေးပါ။
မှတ်ပုံတင်ခြင်းပြီးပါက၊ မှတ်ပုံတင်ခြင်းပြီးမြောက်ကြောင်း အီးမေးလ်အကြောင်းကြားစာကိုကျေးဇူးပြု၍ အဖွဲ့ဝင်သီးသန့်ဆိုက်သို့ ဝင်ရောက်ရန် ညွှန်ကြားချက်များကို လိုက်နာပါ။
2. ကိုယ်ရေးရာဇဝင်ကို တင်ပါ။
ကိုယ်ရေးရာဇဝင်(CV)ကို ဘယ်လိုဖန်တီးရမယ်ဆိုတဲ့ လမ်းညွှန်ချက်တွေကို အဖွဲ့ဝင်သီးသန့်ဆိုက်မှာဖော်ပြပေးထားပြီးဖြစ်လို့ ညွှန်ကြားချက်အတိုင်း ကိုယ်ရေးမှတ်တမ်း/CV ကို uploadလုပ်ပါ။
သင်၏ကိုယ်ရေးရာဇဝင်ကို uploadလုပ်ပြီးသည်နှင့် အတည်ပြုအီးမေးလ်တစ်စောင်လက်ခံရရှိပါမည်။
3.အကြိုအင်တာဗျူး(Google Meet)
သင်၏ကိုယ်ရေးအကျဉ်းကို သုံးသပ်ပြီးနောက်၊ ကျွန်ုပ်တို့သည်အကြိုအင်တာဗျူးတစ်ခု ပြုလုပ်ပါမည်။ ဤအင်တာဗျူးတွင် သင့်အကြောင်းကိုကျွန်ုပ်တို့အား ပြောပြပြီး မေးခွန်းများရှိပါကမေးမြန်းနိုင်ပြီးပြန်လည်ဖြေကြားပေးပါမည်။
*အင်တာဗျူးများကို Google Meet မှတစ်ဆင့် အွန်လိုင်းပေါ်တွင်ပြုလုပ်မည်ဖြစ်သည်။
အင်တာဗျူးဖြေဆိုပြီး၊ တစ်ပတ်ခန့်အကြာတွင် သင်အားအလုပ်ခန့်ထားခြင်း ရှိ၊ မရှိနှင့် ပတ်သက်၍
ဆုံးဖြတ်ချက်တစ်ခု ချမှတ်မည်ဖြစ်သည်။
သင်သည် ကျွန်ုပ်တို့၏ အလုပ်ရှာဖွေသူdatabaseတွင် သိမ်းဆည်းခံရမည် ၊ဂျပန်ဘာသာစကား မပြောနိုင်သော ကိုယ်စားလှယ်လောင်းအဖြစ်မှတ်ပုံတင်မည်ဖြစ်သည်။
4. အလုပ်အကိုင်ရှာဖွေနေသောကုမ္ပဏီများနှင့် ကိုက်ညီမှုရှိမရှိစစ်ဆေးမည်။
ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်လိုသူများ၏ အလုပ်အကိုင်အခွင့်အလမ်းများကို အခြေခံ၍အလုပ်အကိုင်များ ရှာဖွေပေးပါသည်။
အကယ်၍ အလုပ်ရှာဖွေသူသည် အလုပ်လုပ်လိုသည့်မှတ်ပုံတင်ထားသော
ကုမ္ပဏီတစ်ခုရှိပါက၎င်းအား ဦးစားပေး၍ အလုပ်မိတ်ဆက်ပေးပါမည်။ သင်အလိုရှိသော ကုမ္ပဏီကို
ရှာမတွေ့ပါက၊ သင့်လိုအပ်ချက် များနှင့် ကိုက်ညီသော ဂျပန်နိုင်ငံရှိ ကုမ္ပဏီများကို ရှာဖွေရန် VISHU
ကို အသုံးပြုနိုင်ပါသည်။
ထို့အပြင် သင့်ကိုယ်ရေးရာဇဝင်နှင့်အလုပ်ရာဇဝင်မှတ်တမ်းပေါ်အခြေခံ၍ စာရင်းသွင်းထားခြင်း
မရှိသေးသည့် အခြားဝန်ထမ်းခေါ်ယူသည့်ကုမ္ပဏီများသို့လည်း VISHUမှ တက်ကြွစွာ
အလုပ်ကမ်းလှမ်း ပေးပါသည်။
5. သင်၏ကိုယ်ရေးအကျဉ်းကို ဖန်တီးခြင်းနှင့် ပြင်ဆင်ခြင်း။
သီးသန့်အလုပ်အကိုင်အတိုင်အကြံပေးသူတစ်ဦးသည် သင့်အတွက်မှန်ကန်သောကိုယ်ရေးရာဇဝင်ဖန်တီးရန် ကူညီပေးမည်ဖြစ်ပြီး အင်တာဗျူးများတွင်မည်သို့အောင်မြင်အောင် ဖြေဆိုရမည်ကို အကြံဉာဏ်များပေးပါလိမ့်မည်။
ကျွန်ုပ်တို့သည် အခြားမည်သည့်နေရာတွင်မှ မရရှိနိုင်သောအလုပ်အကိုင်သတင်းများနှင့် စည်းကမ်းချက်များအကြောင်းအသေးစိတ်အချက်အလက်များကို သင်အား ပေးပို့ပါမည်။
6. Mini Training
ကုမ္ပဏီများနှင့်အင်တာဗျူးမဖြေခင် ပြင်ဆင်ရာတွင် အထောက်အကူဖြစ်စေရန်ကျွန်ုပ်တို့သည် သင့်အား အသေးစိတ်လေ့ကျင့်ရေးသင်တန်းများကိုပို့ချပေးပါသည်။အင်တာဗျူးလုပ်ငန်းစဉ်တွင် သင့်အရည်အချင်းများကိုယုံကြည်မှုရှိစွာဖြေဆိုပြီးအောင်မြင်စွာကျော်ဖြတ်နိုင်ရန် ကူညီပေးပါသည်။
သင်တန်းကာလအတွင်းသင်သည် လက်တွေ့ကျသောအကြံဉာဏ်များကိုသင်ယူရရှိမည် ဖြစ်ပြီး၊ အများအားဖြင့်အင်တာဗျူးမေးခွန်းများကို စိစစ်နိုင်ကာ လုပ်ငန်းရှင်များ အထင်ကြီးစေရန်သင်၏အားသာချက်များကို ပေါ်လွင်အောင်ပြုလုပ်နည်းစသည်တို့ကိုသင်ယူလေ့လာနိုင်မည်ဖြစ်ပါသည်။
7. ကုမ္ပဏီအင်တာဗျူးခေါ်ယူခြင်း။
အလုပ်ရှင်များနှင့် အင်တာဗျူးများကို အဆင့်များစွာ ပြုလုပ်မည်ဖြစ်သည်။
1. အဆင့်၁- သင်၏ကိုယ်ရေးအကျဉ်းကို တင်သွင်းပြီး အလုပ်ရှင်မှ ပြန်လည်စစ်ဆေးမည့်အဆင့်။
2. အဆင့် ၂- အလုပ်အကိုင် သတ်မှတ်ချက်များကို ရှင်းပြခြင်း။
3. အဆင့်၃- အလုပ်ရှင်နှင့် အင်တာဗျူးစီစဉ်ခြင်း (ပုံမှန်အားဖြင့် အင်တာဗျူးနှစ်ခုပြုလုပ်လေ့ရှိပါသည်)။
4. အဆင့် ၄- အင်တာဗျူးရလဒ်များကို အသိပေးခြင်း။ အကယ်၍ သင်သည်အင်တာဗျူး အောင်မြင်ပါက၊ ကျွန်ုပ်တို့သည် ဗီဇာစစ်ဆေးခြင်းကို ဆက်လက်လုပ်ဆောင်ပါမည်။
8.အလုပ်ခန့်ထားရန်ဆုံးဖြတ်ချက်
အလုပ်ခန့်ထားရန် ဆုံးဖြတ်ချက်ချပြီးသည်နှင့် ကုမ္ပဏီဖက်မှဝန်ထမ်းခေါ်ယူမှုအသိပေးချက်နှင့်အလုပ်အကိုင်အခြေအနေထုတ်ပြန်ချက်ကို ထုတ်ပြန်မည်ဖြစ်ပြီး VISHU သည်အလုပ်ခန့်အပ်ခြင်းခံထားရသော ဝန်ထမ်းထံသို့ပေးပို့မည်ဖြစ်ပါသည်။

အလုပ်အကိုင်အခြေအနေဖော်ပြချက်သည် အလုပ်ခန့်အပ်ခြင်းခံရသူနှင့် ကုမ္ပဏီအကြား ချုပ်ဆိုသောစာချုပ်ဖြစ်သောကြောင့် စာချုပ်ပါအကြောင်းအရာများကို စနစ်တကျစစ်ဆေး၍လက်မှတ်ထိုးပြီး
VISHU သို့ ပြန်လည်ပေးပို့ရပါမည်။
ဤနည်းအားဖြင့် အလုပ်ရှာဖွေနေသူများသည်ဂျပန်နိုင်ငံတွင်အလုပ်လုပ်ကိုင်မည့်ကုမ္ပဏီများကိုရှာဖွေတွေ့ရှိပါလိမ့်မယ်။
9.လူဝင်မှုကြီးကြပ်ရေးလုပ်ထုံးလုပ်နည်းများ
သင့်အား အလုပ်ခန့်အပ်ရန် ဆုံးဖြတ်ပြီးသည်နှင့် သင်သည် ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်ရန်အလုပ်ဗီဇာအတွက် လျှောက်လွှာတင်ခြင်းလုပ်ငန်းစဉ်ကို စတင်လုပ်ကိုင်ရပါမည်။အလုပ်ခန့်အပ်ခံရသူများသည် အောက်ပါစာရွက်စာတမ်းများကို ပြင်ဆင်ပြီး VISHU သို့တင်ပြရပါမည်။
- နောက်ဆုံးပြီးဆုံးထားသောပညာရေးရာဇဝင်၊ ဘွဲ့လက်မှတ်မိတ္တူ 1 စောင် *မှတ်ချက်
- ကိုယ်ရေးရာဇဝင်မတင်ပြလိုသူများအတွက်ကိုယ်ရေးမှတ်တမ်းမိတ္တူ *မှတ်ချက်
- အခြားပညာအရည်အချင်း လက်မှတ်များ ။ *မှတ်ချက်
※ စာရွက်စာတမ်းများကို ပြင်ဆင်ရန် အမျိုးအစား နှစ်မျိုး လိုအပ်ပါသည်- တစ်မျိုးမှာမိခင်ဘာသာစကားနှင့် နောက်တမျိုးမှာ ဂျပန်ဘာသာသို့ပြန်ဆိုထားသောဘာသာပြန်စာရွက်စာတမ်းများ။
- နိုင်ငံကူးလက်မှတ်မိတ္တူ
- သင့်တွင် ဗီဇာရှိလျှင် သင့်ဗီဇာမိတ္တူ။
- အကယ်၍ သင်သည် ဂျပန်နိုင်ငံတွင် နေထိုင်ပြီးဖြစ်ပါက သင်၏နေထိုင်ခွင့်ကတ်မိတ္တူ။
- ဂျပန်နိုင်ငံသို့ ပြည်ဝင်ခွင့်မှတ်တမ်း (လတ်တလောဝင်ရောက်မှု၊ ရက်စွဲ၊ အချိန်နှင့် နေရာတို့လိုအပ်ပါသည်)
10.လူဝင်မှုကြီးကြပ်ရေး/ပညာရေး/အလုပ်အကိုင်
ဂျပန်နိုင်ငံမှနေထိုင်ခွင့်(COE) ထုတ်ပေးပြီးသည်နှင့် ဝန်ထမ်းထံသို့ပေးပို့ပါမည်။
ဝန်ထမ်းမှ မြန်မာနိုင်ငံရှိဂျပန်သံရုံးတွင် ဗီဇာလျှောက်ထားကာ ပြည်ဝင်ခွင့်ထုတ်ယူရပါမည်။
ပြည်ဝင်ခွင့်ရက်စွဲကို ဆုံးဖြတ်ပြီးသည်နှင့် ကျွန်ုပ်တို့သည် အလုပ်ခန့်ထားသော ကုမ္ပဏီနှင့် ဆွေးနွေးပြီးဝင်ခွင့်အချိန်ဇယားကို ဆုံးဖြတ်ပါမည်။
ဂျပန်နိုင်ငံသို့ဝင်ရောက်သည့်နေ့တွင် လေဆိပ်သို့လာကြိုပေးပြီး သင့်ကုမ္ပဏီသို့ ပို့ဆောင်ကာ business training ဆိုင်ရာ သင်တန်းများလည်း ပို့ချပေးမှာဖြစ်ပါသည်။
လိုအပ်ပါက VISHU သည် ဂျပန်နိုင်ငံတွင် နေထိုင်ရန်အိမ်စီစဉ်ရာတွင်လည်း ကူညီပေးနိုင်ပါသည်။
အလုပ်ခန့်ထားသော ကုမ္ပဏီမှ တာဝန်ပေးအပ်ပါက၊ ကျွန်ုပ်တို့သည် အောက်ပါ
လိုအပ်ချက်များကိုလည်း ပံ့ပိုးပေးပါမည်။
- ရပ်ကွက်နေထိုင်ကြောင်းမှတ်ပုံတင်ခြင်းနှင့် နေထိုင်ခွင့်ကတ်ပြုလုပ်ခြင်း
- စာတိုက်ငွေစုစာအုပ်ပြုလုပ်ခြင်း။
11.တရားဝင်အလုပ်စတင်ခြင်း
ဂျပန်နိုင်ငံတွင် အလုပ်လုပ်ရန် ပထမဆုံးခြေလှမ်း စတင်နေပြီဖြစ်သည်။
ကုမ္ပဏီတစ်ခုနှင့်တစ်ခုပူးပေါင်းသောအခါ၊ ကုမ္ပဏီတစ်ခုစီသည် မတူညီသောကြောင့် အလုပ်မစတင်မီ
ကုမ္ပဏီ၏စည်းမျဉ်းများကို သေချာလိုက်နာပါ။
12.အလုပ်ဝင်ရောက်ပြီး နောက်ဆက်တွဲ
လုပ်ငန်းခွင်ဝင်ရောက်ပြီးသည့်တိုင် ကျွန်ုပ်တို့သည် SNS၊ ဝဘ်ဆိုဒ်၊ တယ်လီဖုန်းစသည်ဖြင့်တိုင်ပင်ဆွေးနွေးမှုများကိုလည်း ဆောင်ရွက်ပေးပါသည်။
ကျွန်ုပ်တို့သည် ဂျပန်နိုင်ငံတွင် နေထိုင်မှုဘဝ၊ အလုပ်နှင့်ပတ်သက်သည့် ကိစ္စရပ်များကိုဆက်လက်ကူညီပေးမည်ဖြစ်ပြီး စိတ်အေးချမ်းသာစွာဖြင့် အလုပ်စတင်လုပ်ဆောင်နိုင်ပါသည်။
အဖွဲ့ဝင်အဖြစ်စာရင်းသွင်းပါ။
အဖွဲ့ဝင်အဖြစ် စာရင်းသွင်းပြီး ကိုယ်ရေးမှတ်တမ်းကို ပေးပို့ပါ။