ကိုယ်ရေးရာဇဝင် နမူနာ
သင်၏ ပြီးပြည့်စုံသော ကိုယ်ရေးရာဇဝင်ကို ဖန်တီးရန် ကျွန်ုပ်တို့ ကူညီနိုင်ပါသည်။နမူနာကို ကြည့်ပါ၊ Formatကို downloadလုပ်ပြီးဂျပန်နိုင်ငံတွင်သင့်အလုပ်အကိုင်အခွင့် အလမ်းကို အောင်မြင်စွာ စတင်လိုက်ပါ!
ကိုယ်ရေးရာဇဝင်သည် သင့်ကိုကိုယ်စားပြုရန် အရေးကြီးသော မိတ်ဆက်စာရွက်စာတမ်း တစ်ခုဖြစ်သည်။ ဤစာတမ်းသည် သင့်အတွေ့အကြုံ၊ကျွမ်းကျင်မှုများနှင့်အကြောင်းအရာ များကို အလေးပေးဖော်ပြထားပြီးအလုပ်ခန့်ထားသူများသည် သင့်အား သိလာစေရန် ကူညီပေးပါသည်။ ဂျပန်နိုင်ငံတွင်ကိုယ်ရေးရာဇဝင်များသည် အလုပ်လျှောက်ထားသူများ ၏အထူးအင်္ဂါရပ်များလည်းဖြစ်ပါသည် ။ အောက်ပါအတိုင်း အဓိကအချက်အလက်
အချို့ကို ဖော်ပြထားပါသည်။-

Format– ဂျပန်တွင်၊ “Rirekisho” (ကိုယ်ရေးရာဇဝင်) နှင့် “Shokumu Keirekisho”(အလုပ်ရာဇဝင်မှတ်တမ်း) ကဲ့သို့သော သတ်မှတ်စံနှုန်းပုံစံဖိုင်များကိုအသုံးပြုလေ့ရှိပါ သည်။ ကိုယ်ရေးရာဇဝင်သည် မိမိအချက်အလက်များ၏ယေဘူယျအကျဉ်းချုပ်ဖြစ်ပြီး အလုပ်အကိုင်အတွေ့အကြုံမှတ်တမ်းတွင်သင်၏အလုပ်ရာဇဝင်ကို အသေးစိတ် ဖော်ပြပေးရပါမည်။
ကိုယ်ရေးကိုယ်တာ အချက်အလက်– သင့်အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်နှင့်အီးမေးလ်လိပ်စာတို့ကို ထည့်သွင်းပါ။ ဂျပန်နိုင်ငံတွင် မွေးသက္ကရာဇ်နှင့်ပတ်စပို့ဓာတ်ပုံတို့ ကို ထည့်သွင်းလေ့ရှိပါသည်။
ပညာရေးနှင့် အလုပ်မှတ်တမ်း– သင်၏ လတ်တလော ကျောင်း သို့မဟုတ်လုပ်ငန်းခွင်၏ စတင်ဝင်ရောက်ချိန် ပြီးဆုံးချိန်များကို ရက်စွဲ(ခုနှစ်၊လ)အတိအကျ၊
ထည့်သွင်းပါ။ သင့်ကျောင်းအမည်၊ ကုမ္ပဏီအမည်နှင့်
သင့်အလုပ်အကိုင်ရာထူးတို့ကို ထည့်သွင်းပါ။
ကျွမ်းကျင်မှုများ- အလုပ်ခန့်အပ်မည့်တာဝန်ခံအတွက် အသုံးဝင်စေမည့်Professional ကျွမ်းကျင်မှု သို့မဟုတ် စွမ်းရည်များကို ထည့်သွင်းဖော်ပြပါ။
ဘာသာစကားစွမ်းရည်- ဂျပန်ဘာသာနှင့် အခြားဘာသာစကားများအတွက် သင်၏ကျွမ်းကျင်မှုအဆင့်ကို ဖော်ပြပါ။
Style- သင်၏ကိုယ်ရေးအကျဉ်းသည် ကျစ်ကျစ်လျစ်လျစ်နှင့်စနစ်တကျရှိသင့်သည်။
စစ်ဆေးပါ– မပေးပို့မီ စာလုံးပေါင်းနှင့် သဒ္ဒါများကို စစ်ဆေးပါ။

PRသည် မိမိကိုယ်ကိုမြှင့်တင်သည့် အရေးကြီးသောအချက်ဖြစ်ပါသည်။ သင်သည်ကျွမ်းကျင်သူတစ်ယောက်အနေဖြင့် မည်သူဆိုတာ ရှင်းရှင်းလင်းလင်းဆက်သွယ်ပြောဆိုရန်နှင့် အလုပ်ခန့်ထားရေးတာဝန်ခံက သင့်အား
အင်တာဗျူးချင်လာအောင် ရေးသားနိုင်ရန် အရေးကြီးပါသည်။သင့်အတွေ့အကြုံနှင့် အောင်မြင်မှုများသည် ကုမ္ပဏီအား သင်မည်ကဲ့သို့ပံ့ပိုးပေးနိုင်သည်ကို ရှင်းပြပေးရန်လိုအပ်ပါသည်။
ဤအကြံပြုချက် သုံးခုကိုကြည့်ပါ-
၁. ကုမ္ပဏီအတွက် သင်မည်မျှအကျိုးရှိနိုင်သည်ကို ထင်ရှားစွာ ဖော်ပြပါ။
၂. သင့်အား တစ်ဖက်လူက ရှင်းရှင်းလင်းလင်း မြင်ယောင်နိုင်စေမည့် နည်းလမ်းဖြင့်
ပြောဆိုရန် အရေးကြီးပါသည်။
၃. မိမိသည်အလုပ်ခန့်အပ်သူဖြစ်ခဲ့ပါက သူခန့်အပ်ချင်စဖွယ်ကောင်းသော
လျှောက်ထားသူဖြစ်ပါစေ။
အားသာချက်ကို ရှင်းလင်းဖော်ပြထားသော ဥပမာအား ကြည့်ကြပါစို့
ဥပမာ – “ကျွန်တော်/ကျွန်မ၏အားသာချက်ကတော့ ပြဿနာများကို မြန်ဆန်စွာဖြေရှင်းနိုင်ခြင်းဖြစ်ပါတယ်။
တိကျသောဥပမာ- “ကျွန်ုပ်၏ယခင်အလုပ်တွင် မမျှော်လင့်ထားသောပြဿနာတစ်ခုဖြစ်ပွားခဲ့ပါသည်။ အခြေအနေကို လျင်မြန်စွာခွဲခြမ်းစိတ်ဖြာပြီးပြဿနာကိုဖြေရှင်းရန် ကျွန်ုပ်၏အဖွဲ့နှင့်အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ပါသည်။”
ယခုအတွေ့အကြုံမှ သင်ယူခဲ့ရသည့် အကြောင်းအရာများမှာ ဥပမာ-“ဤအတွေ့အကြုံမှ ပြဿနာများကို ဖြေရှင်းရာတွင် အေးဆေးမှုနှင့်မြန်ဆန်သော တုံ့ပြန်မှုသည် အရေးပါကြောင်းကို သင်ယူခဲ့ရပါသည်။ထို့အပြင်၊ အဖွဲ့အစည်းတွင် ပူးပေါင်းဆောင်ရွက်ခြင်းက အံ့သြဖွယ်ရလဒ်များ ရရှိစေနိုင် ကြောင်းကိုလည်း စတင်တွေ့ရှိခဲ့ပါသည်။”
သင့်ကုမ္ပဏီအတွက် မည်ကဲ့သို့ သက်ရောက်မည်ကို ဥပမာ- “ကျွန်ုပ်သည် သင့်ကုမ္ပဏီတွင်ဤအရည်အချင်းများကို အသုံးချလိုပါသည်၊ မမျှော်လင့်ထားသော ပြဿနာများကိုအေးအေးဆေးဆေးနှင့် လျင်မြန်စွာ တုံ့ပြန်ရန် ကျွန်ုပ်၏အဖွဲ့နှင့်အတူ ဖြေရှင်းချက်များကိုရှာဖွေလိုပါသည်။”
နောက်တကြိမ်ထပ်မံစစ်ဆေးပါ၊ ကိုယ်ရေးမှတ်တမ်းပုံစံ နမူနာကို ဒေါင်းလုဒ်လုပ်ပြီးဂျပန်တွင် သင့်အသက်မွေးဝမ်းကြောင်းကို အောင်မြင်စွာ စတင်ပါ။
သင်၏ကိုယ်ရေးအကျဉ်းကို VISHU သို့ပေးပို့ရန် ကျေးဇူးပြု၍အောက်ပါလျှောက်လွှာပုံစံကို အသုံးပြု၍ စာရင်းပေးသွင်းပါ။
စာရင်းသွင်းကြရအောင်။
ကျေးဇူးပြု၍ လျှောက်လွှာပုံစံကိုဖြည့်ပြီး သင်၏ကိုယ်ရေးအကျဉ်းကို ပေးပို့ပါ။