本文へ

地球に優しく、人を思いやる事業を推進します。

ဂျပန်ဘာသာစကားသင်တန်းကျောင်း

ဂျပန်တွင် အလုပ်လုပ်ရန် ဂျပန်ဘာသာစကားနှင့်စီးပွားရေးအသုံးအနှုန်းများကို သိရှိရန် လိုအပ်ပါသည်။ VISHUသည်ဂျပန်နှင့် ရုရှားနိုင်ငံများတွင် စာသင် ကျောင်းများ၊ဂျပန်ဘာသာစကားကျောင်းများ၊ ပညာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ဂျပန်နိုင်ငံတွင်အလုပ်လုပ်ရန်အတွက်လိုအပ်သော ကျွမ်းကျင်မှုများ၊အသိပညာများကို ရရှိနိုင်စေရန် အထောက်အပံ့ပေးလျှက်ရှိပါသည်။


  • SENDAGAYA
  • TCJ
  • ARC
  • UJS
  • JILA
  • KUDAN
  • IKUEI
  • FUKUOKA
  • FUKUI

Sendagaya Japanese Language Education Institute Groupသည် 1975 ခုနှစ်တွင်ဂျပန်ဘာသာစကားလေ့လာရေးလုပ်ငန်းစဥ်များကိုစတင်တည်ထောင်ပြီး၊ဂျပန်ဘာသာ ပညာရေးလုပ်ငန်းများတွင် အများအပြားပါဝင်ခဲ့ပါသည်။ ယခုအခါဂျပန်ဘာသာစကား ကျောင်း ၃ ကျောင်းရှိပြီး၊ တိုကျိုမြို့အလယ်ဗဟိုတွင်တည်ရှိပါသည်။Sendagaya Japanese Language School သည် ပညာရေး၊ ယဉ်ကျေးမှု၊အားကစား၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသောတက္ကသိုလ်ဝင်ခွင့်အတွက် ကြိုတင်ပြင်ဆင်ထားသောပညာရေးအစီအစဉ်တစ်ခုဖြစ်ပြီး Sendagaya Japanese Language Education Instituteနှင့် ချိတ်ဆက်ထားသော ဂျပန်ဘာသာစကား သင်တန်းကျောင်းသည်ဘွဲ့လွန်ကျောင်းသို့ တက်ရောက်နေသည့် ကျောင်းသားဦးရေ မြင့်မားပြီး Sendagaya
Foreign Language Institute သည် မိသားစုဆန်ပြီး လိုအပ်ချက်များစွာကိုဖြည့်ဆည်းပေးပါသည်။ အဆိုပါအဖွဲ့တွင် စုစုပေါင်း ကျောင်းသား 2800 ကျော်စာရင်းသွင်းမှု ရှိခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံတကာ ကျောင်းသားများသည် ၎င်းတို့၏အိပ်မက်များကို အကောင်အထည် ဖော်ရန်အတွက် ဂျပန်စာ လေ့လာနေကြပါ သည်။သင့်ရည်မှန်းချက်များပေါ်မူတည်၍ Sendagaya Group ရှိ ကျောင်းသုံးကျောင်းမှသင်လိုချင်သောသင်တန်းကို ရွေးချယ်တက်ရောက်နိုင်ပါသည်။

ဗီဇာရေရှည်ရရှိနိုင်သောသင်တန်းများအပြင်၊ ဂျပန်ယဉ်ကျေးမှုအတွေ့အကြုံများ၊လုပ်ငန်းဆိုင်ရာတာဝန်များ၊ သီးသန့်သင်ခန်းစာများနှင့်အွန်လိုင်းသင်ခန်းစာများပါ၀င်သည့် နွေရာသီသင်တန်းများကဲ့သို့သောကာလတိုအစီအစဉ်များအပြင် အခြားသင်ခန်းစာများစွာ ကိုလည်းသင်ကြားပေးပါသည်။ ကျေးဇူးပြု၍ ကျွန်ုပ်တို့ထံ ဆက်သွယ်လိုက်ပါ။

နိုင်ငံရပ်ခြားတွင် ကျောင်းတက်ရန်အတွက် ပြင်ဆင်မှုအဆင့်မှစ၍ အမှန်တကယ်ကျောင်းဝင်ရောက်ချိန်အထိ နေ့စဉ်ဘ၀တွင် စိတ်ပူပန်စေရနိုင်သော အရာများစွာ ရှိနိုင်ပါသည်။ထိုအချိန်မျိုးတွင်၊ ကျောင်းသားရေးရာ ဌာနခွဲမှ နိုင်ငံစုံဝန်ထမ်းများရှိခြင်းကြောင့်မိခင်ဘာသာစကားနှင့် အကြံဉာဏ်များ ရယူနိုင်ပြီး ဂျပန် နိုင်ငံတွင် စိတ်အေးချမ်းသာစွာဂျပန်ဘာသာစကားကို သင်ယူလေ့လာနိုင်မှာ ဖြစ်ပါသည် ။ ကျွန်ုပ်တို့သည် အင်္ဂလိပ်၊ တရုတ်၊ဗီယက်နမ်နှင့် ရုရှားဘာသာအပြင် ထိုင်း၊ အာရပ်၊ ကိုးရီးယား၊ ကန်တုံ၊ ထိုင်ဝမ်နှင့် အင်ဒိုနီးရှား စသည့်ဘာသာစကားများစွာတို့ဖြင့် ပံ့ပိုးပေးနိုင်ပါသည်။ လေ့လာမှုများနှင့် အလုပ်အကိုင်ရှာဖွေခြင်းဆိုင်ရာစည်းကမ်းချက်များတွင်လည်း ကျယ်ပြန့်စွာ ပံ့ပိုးပေးပါသည်။ အတန်းပိုင်ဆရာ ၊အသက်မွေးဝမ်းကျောင်း ဆိုင်ရာ အကြံပေးဝန်ထမ်းများနှင့် သီးခြားတိုင်ပင်ဆွေးနွေးမှုများလည်းပြုလုပ်နိုင်ပါသည်

ကျွန်ုပ်တို့သည် ကျောင်းသားများ၏ အသံကို အမြဲနားထောင်ပြီး၊ အားဖြည့်ပံ့ပိုးမှုအနေအထားကို
အလေးထား ပါသည်။ တိုကျိုတွင် သင့်အား ကျွန်ုပ်တို့ စောင့်မျှော်နေပါသည်!

တိုင်ပင်ဆွေးနွေးခြင်း။

အသေးစိတ်အချက်အလက်များကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။


Return TOP


TCJ သည် Shinjuku ဧရိယာရှိ Shinanomachi ဘူတာမှ 5 စက္ကန့်လမ်းလျှောက်ရုံသာဖြစ်ပါသည်။နေရာကောင်း၊ သွားလာရေးအဆင်ပြေပြီး ကျောင်းသည် အွန်လိုင်းပညာရေးလည်းစီစဥ်ထားရှိပါသည်။ TCJ သည် ဂျပန်နိုင်ငံရှိ ထိပ်တန်းဂျပန်ဘာသာစကားများကိုသင်ကြားပေးလျှက်ရှိပါသည်။

TCJ သည် ဂျပန်ဘာသာစကားစွမ်းရည်ကို လျင်မြန်စွာ မြှင့်တင်ပေးနိုင်သည့်ထူးခြားသော သင်ကြားနည်းစနစ်များဖြင့် သင်ကြားပေးပါသည်။ကျောင်းသားများအား စာမေးပွဲအတွက် ပြင်ဆင်ပေးရုံသာမက စကားပြောစွမ်းရည်တိုးတက်စေရန် ဂျပန်ယဉ်ကျေးမှုနှင့်လိုက်လျောညီထွေဖြစ်အောင်”လူမှုရေးသင်ခန်းစာများ” ၊”ဆက်သွယ်ရေးသင်ခန်းစာများ” ကိုပါ သင်ကြားပေးပါသည်။ ဘွဲ့ရပြီးနောက်ပိုင်းတွင်အလုပ်အကိုင်အတွက် အသုံးဝင် စေမည့် “ဂျပန်ဗဟုသုတ”အစစ်အမှန်များကိုပါ သင်ကြားပို့ချပေးပါသည်။ ထို့အပြင် သင်တန်းများကို “နေ့”၊”ည” နှင့် “အွန်လိုင်း” သင်တန်းများ အဖြစ် ပိုင်းခြားထားပြီး ကမ္ဘာပေါ်ရှိမည်သည့်နေရာမှမဆို အွန်လိုင်းတွင် သင်ယူလေ့လာနိုင်ကာ နိုင်ငံပေါင်း 55 နိုင်ငံမှကျောင်းသားများသည် အလုပ်နှင့်ဘဝအတွက် ဂျပန်ဘာသာစကားကို ဂျပန်နိုင်ငံတွင်
သင်ယူလေ့လာနိုင်ပါသည်။ နိုင်ငံတကာကျောင်းသားများအား “ဘွဲ့လွန်သင်တန်း””တက္ကသိုလ်သင်တန်း” “သက်မွေးဝမ်းကျောင်းသင်တန်း” နှင့်”အလုပ်အကိုင်သင်တန်း” ဟူ၍ ခွဲခြားထားပြီး ကျောင်းသားတစ်ဦးစီ၏
ရည်မှန်းချက်များအလိုက် အသေးစိတ် သင်ကြားပို့ချပေးပါသည်။ TCJ တွင်လက်ရှိကျောင်းသားများ၏ 70% ကျော်သည် တိုကျိုတက္ကသိုလ်နှင့်ကျိုတိုတက္ကသိုလ်ကဲ့သို့သော နိုင်ငံတွင်း နာမည်ကြီး ကျောင်းများ Keio University နှင့်Waseda တက္ကသိုလ်ကဲ့သို့သော နာမည်ကြီး ပုဂ္ဂလိကကျောင်းများ အထိဝင်ရောက်နိုင်ပြီး TCJ ၏ အဆင့်မြင့်ပညာရေးကို ပြဠာန်းထားသောခိုင်မာသောမှတ်တမ်းတစ်ခုလည်းဖြစ်ပါသည်။

TCJ သည် သင်ကြားမှုအပြင်၊ ကျောင်းသားများအတွက် လစဉ်လက်ဖက်ရည်သောက်ပွဲ များ၊ Halloween နှင့် Christmas ပွဲများကဲ့သို့ ပျော်ပျော်ပါးပါးလှုပ်ရှားမှုများစွာကို ပြုလုပ်ပေးပါသည်။ လစဉ်လှုပ်ရှားမှုများအပြင်၊
အတန်းပြင်ပတွင် ကျောင်းသား အချင်းချင်းဂျပန်စကားပြောစွမ်းရည်မြင့်မားနိုင်စေသည့် “TCJ Talking Club” ကဲ့သို့သောသင်ရိုးညွှန်းတမ်းပြင်ပလှုပ်ရှားမှုများကိုလည်းပြုလုပ်ပေးလျှက်ရှိပါသည်။ TCJ သည်ကျောင်းသားအားလုံးကို “နွေးထွေးသော ဒုတိယအိမ်” အဖြစ် ပျှော်ရွှင်စွာပညာသင်ကြား စေလိုပါသည်။

တိုင်ပင်ဆွေးနွေးခြင်း။

အသေးစိတ်အတွက်၊ ဤနေရာတွင် ဖတ်ရှုပါ။


Return TOP


ARC Tokyo Japanese Language School ကို 2017 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ လက်ရှိတွင်ကျောင်းသား ၂၅၀ ရှိပါသည်။ကျောင်းသင်ရိုးညွှန်းတမ်းများသည် Communication စွမ်းရည်ကိုတိုးတက်စေရုံသာမက ကျောင်းသားများအား ယဉ်ကျေးမှုနှင့်ဓလေ့ထုံးတမ်းများကိုပါ မိတ်ဆက်သင်ကြားပေးပါသည်။ ကျောင်းများ
သင်ယူပြီးမြောက် သည့် သင်ခန်းစာများကို လက်တွေ့အကောင်အထည်ဖော်ရန်အတွက်လည်း နေရာစီစဥ်ပေး ပါသည်။ကျောင်းသားများသည် သင်ရိုးညွှန်းတမ်း ပြင်ပလှုပ်ရှားမှု အမျိုးမျိုးဖြင့် ၎င်းတို့၏စာဖတ်ခြင်း၊ နားထောင်ခြင်း၊ စကားပြောခြင်းနှင့် တွေးခေါ်မှုစွမ်းရည်ကိုတိုးတက်စေနိုင် ပါသည်။

ARC Tokyo Japanese Language School သည် ဂျပန်နိုင်ငံရှိ တက္ကသိုလ်များသို့ကျောင်းဝင်ခွင့် ရရှိရန် စီစဉ်ထားသော ကျောင်းသားများအတွက်တိုင်ပင်ဆွေးနွေးခြင်း၊ ဆွေးနွေးပွဲများ ပြုလုပ်ခြင်းနှင့်ဂျပန်ပညာရေးဆိုင်ရာအချက်အလက်များကို ပံ့ပိုးပေး ပါသည်။ ထို့အပြင်အမျိုးမျိုးသော ရည်ရွယ်ချက်များအတွက် အထူးတန်းများလည်း ထားရှိပါသည်။အထက်တန်းအဆင့်ကျောင်းသားများအတွက် အထူးပြု သင်ရိုးညွှန်းတမ်း များဖြင့်
အထူးပြုသင်တန်း သုံးခုကို တက်ရောက်နိုင်ပါသည်။ EJU နှင့် JLPTစာမေးပွဲများအတွက် အထူးပြင်ဆင်မှုသင်တန်းများ လည်းစီစဥ်ထားပါသည်။

ကျောင်းတွင် သင်ရိုးညွှန်းတမ်းအပြင် ကျောင်းပြင်ပ လူမှုဘဝ နေထိုင်မှုများပါသင်ကြားပို့ချပေးပါသည်။ ပညာသင်သက်တမ်းတစ်နှစ်အတွင်း၊ ခရီးသွားခြင်း၊အားကစားပွဲများပြုလုပ်ခြင်း၊သင်တန်းအလိုက် ရာသီပွဲများ၊ဖျော်ဖြေရေးပွဲများကိုလည်း ကျင်းပပြုလုပ်ပေးပါသည်။

တိုင်ပင်ဆွေးနွေးခြင်း။

အသေးစိတ်အတွက်၊ ဤနေရာတွင် ဖတ်ရှုပါ။


Return TOP


UJS Japanese Language School သည် Minato Ward၊ Roppongi တွင် တည်ရှိပါသည်။1986 ခုနှစ်မှစတင်၍ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံခြားသားများအား ဂျပန်ဘာသာစကားသင်ကြားပို့ချပေးခဲ့ပါသည်။ ကျွန်ုပ်တို့သည်ကျောင်းသားများ၏ လိုအပ်ချက်များနှင့်ကိုက်ညီသော အရည်အသွေးမြင့် ဂျပန်ဘာသာစကား ပညာရေး အစီအစဉ်များကိုပံ့ပိုးပေးနိုင်ရန်အတွက် နှစ်ပေါင်းများစွာ ဂျပန်ဘာသာစကား သင်ကြားမှုအတွက်စုဆောင်းရရှိထားသော အသိပညာများနှင့် ဗဟုသုတများကို အသုံးချကာမျှဝေသင်ကြားပေးပါသည်။

UJS သည် တိုကျို၊ Roppongi တွင် နှစ် 30 ကျော်ကြာ ထိပ်တန်းဂျပန်ဘာသာစကားပညာရေးပိုင်းကိုပံ့ပိုးပေးခဲ့ပြီး စကားပြောစွမ်းရည်၏ အရေးပါမှုနှင့် ဂျပန်ဓလေ့ထုံးတမ်းနှင့်ယဉ်ကျေးမှုအပေါ်အခြေခံ၍ ပတ်ဝန်းကျင်အပေါ် အလေးထားကာ သင်ကြားပေးပါသည်။မကြာသေးမီနှစ်များအတွင်း ကျောင်းသားများ၏ ပန်းတိုင်ဖြစ်သည့် တက္ကသိုလ်များ၊ဘွဲ့လွန်ကျောင်းများ၊ ကောလိပ်ကျောင်းများသို့ ကျောင်းဝင်ခွင့်ရရှိနိုင်ရန် သာမကဂျပန်ကုမ္ပဏီများတွင် အလုပ်အကိုင်ရှာဖွေခြင်းနှင့် နေထိုင်ခြင်းတို့အတွက်ပါ တာဝန်ယူဆောင်ရွက်ပေးပါသည်။ ကျွန်ုပ်တို့သည် တစ်ဦးချင်းစီ၏ ရည်မှန်းချက်များနှင့် လိုအပ်ချက်များကို ပြည့်မီစေရန်အသင့်တော်ဆုံး သင်ကြားရေးပိုင်းတွင် တက်ကြွစွာ ပံ့ပိုးကူညီပေးပါသည်။

ထို့အပြင် UJS Japanese Language School သည် Minato Ward၊ Roppongi တွင်တည်ရှိပါသည်။ 1986 ခုနှစ်မှစတင်၍ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံခြားသားများအားဂျပန်ဘာသာစကား သင်ကြားပို့ချပေးကာ ကျောင်းသားများ၏ လိုအပ်ချက်နှင့်ကိုက်ညီသော အရည်အသွေးမြင့် ဂျပန်ဘာသာစကား ပညာရေး အစီအစဉ်များကိုပံ့ပိုးပေးရန်အတွက် နှစ်ပေါင်းများစွာ ဂျပန်စာသင်ကြားမှုတွင်စုဆောင်းရရှိထားသောအသိပညာနှင့် ဗဟုသုတများကို အသုံးချကာ မျှဝေသင်ကြားပေးပါသည်။

တိုင်ပင်ဆွေးနွေးခြင်း။

အသေးစိတ်အတွက်၊ ဤနေရာတွင် ဖတ်ရှုပါ။


Return TOP


လက်ရှိတွင် ကျွန်ုပ်တို့၏ကျောင်းသည် ရုရှား၊ တရုတ်၊ ဗီယက်နမ်၊ နီပေါနှင့် မွန်ဂိုလီးယားအပါအဝင်နိုင်ငံပေါင်းများစွာမှ ကျောင်းသားများကို လက်ခံကာသင်ကြားပို့ချပေးလျှက် ရှိပါသည်။ သင်ခန်းစာအစီအစဥ်များနှင့် သင်ကြားရေးပစ္စည်းများသည် စကားပြောစွမ်းရည်နှင့် ဆက်သွယ်မှုစွမ်းရည်များကိုတိုးတက်စေပြီး ဂျပန်နိုင်ငံတွင် ပညာသင်ကြားရန် ၊ရည်မှန်းချက်ပန်းတိုင်များအောင်မြင်စေရန်အတွက်ကူညီပေးလျှက်ရှိပါသည်။ ကျွန်ုပ်တို့၏ကျောင်းကို J.S.B Group မှ စီမံဆောင်ရွက် ထားသောကြောင့်ကျောင်းသားများတည်းခိုနေထိုင်ရန် အဆောင်များကိုပါ စီစဉ်ပေးထားပါသည်။ဤအဆောင်များသည် ကျောင်း၏ လမ်းလျှောက်အကွာအဝေးတွင် ရှိနေပါသည်။ ကျောင်းများသည်
ဂျပန်နိုင်ငံဒေသအသီးသီးရှိ မြို့ကြီးများတွင် ရှိသောကြောင့်လမ်းပမ်းဆက်သွယ်ရေးတွင်လည်းအဆင်ပြေစွာ ပညာသင်ကြားနိုင်ပါသည်။ ကျယ်ဝန်း၍သက်တောင့်သက်သာရှိပြီး စျေးနှုန်းသက်သာစွာဖြင့် ကုန်ကျစရိတ်နည်းပါးစေပါသည်။မြို့ကြီးများတွင် အချိန်ပိုင်းအလုပ်များလုပ်ကိုင်ကာ ဂျပန်ဘာသာစကားနားမလည်သေးခဲ့လျှင်လည်းစိတ်အေးချမ်းသာစွာြဖင့် ပညာသင်ကြားနိုင်မှာဖြစ်ပါသည်။

Hakodateမြို့၊သည်ဟော့ကိုင်းဒိုး၏ အကျော်ကြားဆုံးမြို့တစ်မြို့ဖြစ်ပြီးကမ္ဘာလှည့်ခရီးသည်များကြား အလှတရားများဖြင့်အထင်ကြီးခံရသော ပင်လယ်၊ တောင်များ၊ရေပူစမ်းများနှင့် ဆီးနှင်းများ အပါအဝင်သဘာဝအလှတရားများကြွယ်ဝသောမြို့တစ်မြို့ဖြစ်ပါသည်။ ထို့အပြင် ဟော့ကိုင်းဒိုး၏တောင်ဘက်စွန်းတွင် တည်ရှိသောကြောင့် နှင်းများကျကာ နှင်းခဲများဖြင့်အလွန်လှပသောမြို့တစ်မြို့လည်းဖြစ်ပါသည်။

Kyotoသည် အေဒီ၈ ရာစုနှောင်းပိုင်းမှ ၁၉ ရာစုနှောင်းပိုင်းအထိ နှစ်ပေါင်း ၁၀၀၀ ခန့်ဂျပန်နိုင်ငံ၏ (မြို့ဟောင်း) မြို့တော်ဖြစ်ခဲ့ပါသည်။ပန်းပြပွဲများခင်းကျင်းပြသခြင်းနှင့် လက်ဖက်ရည်ပွဲများ ကဲ့သို့သောဂျပန်ရိုးရာယဉ်ကျေးမှုများကို ခံစားနိုင်ပါသည်။ ကာတွန်းပြတိုက်လည်း ရှိပြီးယဉ်ကျေးမှု ပုံစံငယ်တွေအကြောင်းကို လေ့လာနိုင်သော မြို့တစ်ခုလည်းဖြစ်ပါတယ်။

Fukuoka သည် ပင်လယ် နှင့် တောင်များ ၊ သဘာဝ အလှတရားများဖြင့်မြို့ပြပတ်ဝန်းကျင်မျှတမှုရှိကာ သာယာလှပသော ” ကမ္ဘာ့နေထိုင်ရအလွယ်ကူ ဆုံး မြို့များ” အဆင့်တွင် အဆင့် 10 ဖြင့် တစ်ကြိမ်ရရှိထားသောမြို့တမြို့လည်း ဖြစ်ပါသည်။ လတ်တလောတွင်အကျိုးတူရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများက လုပ်ငန်းများ စတင်ဖွင့်လှစ်ကာ
တိုင်းဒေသကြီးအဖြစ် လူသိများလာခဲ့ပြီး၊ လူငယ်များ၏အရည်အချင်းများစုစည်းထားသော ကမ္ဘာလုံးဆိုင်ရာ မြို့တစ်မြို့ဖြစ်လာပါသည်။”

တိုင်ပင်ဆွေးနွေးခြင်း။

အသေးစိတ်အတွက်၊ ဤနေရာတွင် ဖတ်ရှုပါ။


Return TOP


Kudan Institute of Japanese Culture ကို တိုကျိုမြို့၊ Chiyoda Ward တွင် 1988ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ လက်ရှိတွင် နိုင်ငံပေါင်း 65-70 မှကျောင်းသားများသည် ဂျပန်ဘာသာစကားလေ့လာရန် ကျွန်ုပ်တို့၏ကျောင်းတွင်စာရင်းသွင်းထားပါသည်။

ကျွန်ုပ်တို့၏ကျောင်းသည် ဂျပန်ဘာသာစကားအပြင်ဂျပန်အစားအစာချက်ပြုတ်နည်းများအားသင်ကြား ပေးခြင်း၊ မန်ဂါပုံဆွဲခြင်းနှင့်လက်ဖက်ရည်ပွဲပြုလုပ်ပုံများတွင်ပါဝင်စေခြင်းစသည့် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများစွာကို
လုပ်ဆောင်စေခြင်းဖြင့် သင်ကြားပြသပေးပါသည်။ ကျောင်းသားများသည်ဘာသာစကားလေ့လာရုံသာမက ဂျပန်ရိုးရာယဉ်ကျေးမှုနှင့် ခေတ်ပြိုင်ပေါ့ပ်ယဉ်ကျေးမှုပုံစံအကြောင်းကိုပါ လေ့လာသင်ယူနိုင်ကြမှာဖြစ်ပါသည်။

ကျောင်းသည် တိုကျိုမြို့လယ်ခေါင်တွင် တည်ရှိပြီး အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့်ကျောင်းများအနီးတွင် တည်ရှိသောကြောင့် ကျောင်းတက်ရန်၊ နေထိုင်ရန်အဆင်ပြေလွယ်ကူစေပါသည်။ ထို့အပြင်ကျောင်းတွင်း မိခင်ဘာသာစကားဖြင့် လေ့ကျင့်နိုင်သောသင်ရိုး ညွှန်းတမ်း ပြင်ပ ယဉ်ကျေးမှုပွဲများ ကိုလည်း ကျင်းပ ပြုလုပ်ပေးလျှက်ရှိပါသည်။

ကျွန်ုပ်တို့၏ကျောင်းသည် အိမ်ရာရှာဖွေရာတွင် ကူညီပေးခြင်းနှင့် ဂျပန်မိသားစုဘဝအတွေ့အကြုံများကို ခံစားလိုသူများအတွက် ဂျပန်မိသားစုနှင့်အတူတည်းခိုနေထိုင်နိုင်ရန် (Home Stay)စီစဉ်ပေးခြင်း လုပ်ငန်းများလည်း
လုပ်ကိုင်ပေးပါသည်။

တိုင်ပင်ဆွေးနွေးခြင်း။

အသေးစိတ်အတွက်၊ ဤနေရာတွင် ဖတ်ရှုပါ။


Return TOP


ကျောင်းကို ဖက်ရှင်၊ ဂိမ်းများနှင့် မီဒီယာနယ်ပယ်များတွင်လှုပ်ရှားဆောင်ရွက်နေသည့် AIA ကုမ္ပဏီမှ တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ထို့ကြောင့် ကျောင်းသည် တိုကျို၏ အသက်အငယ်ဆုံးနှင့်ခေတ်အမီဆုံးနေရာများထဲမှ တစ်ခုဖြစ်သော Shibuya မြို့ တွင်တည်ရှိပါသည်။ဆိုလိုသည်မှာ ရုပ်ရှင်အမျိုးမျိုးတွင်ပါရှိသော Shibuya Crossing နှင့် သစ္စာရှိခွေးHachiko ရုပ်တုတို့အပါအဝင် ဂျပန်နိုင်ငံရှိ ခရီးသွားများအား ဆွဲဆောင်မှု အများဆုံးနေရာတနေရာလည်း ဖြစ်ပါသည်။တိုကျိုမြို့၏ မည်သည့်နေရာသို့ မဆို လွယ်ကူစွာသွားလာနိုင်သော လမ်းပမ်းဆက်သွယ်ရေး အလွန်အဆင်ပြေသောနေရာတစ်နေရာဖြစ်ပါသည်။

ကျွန်ုပ်တို့ကျောင်းတွင် အာရှနှင့် ဥရောပနိုင်ငံအသီးသီးမှကျောင်းသားကျောင်းသူ များ ပညာသင်ကြားလျှက်ရှိပါသည်။ရေရှည်ပရိုဂရမ်များအပြင် (ဂျပန်ဘာသာ စကားကို တစ်နှစ်၊ နှစ်နှစ်သာသင်ယူလိုသူများအတွက်လည်း)
နွေရာသီပရိုဂရမ်များကိုဖွင့်လှစ်ထားလျှက်ရှိပါသည်။

တိုင်ပင်ဆွေးနွေးခြင်း။

အသေးစိတ်အတွက်၊ ဤနေရာတွင် ဖတ်ရှုပါ။


Return TOP


ကျွန်ုပ်တို့သည် နိုင်ငံပေါင်း 200 ဝန်းကျင်မှ လူမျိုးများဖြင့် နိုင်ငံတကာဆက်ဆံရေးရှိသည့်ကမ္ဘာကြီးတွင် နေထိုင်လျှက်ရှိပါသည်။ မတူညီသော ယဉ်ကျေးမှုများကြား၊ မတူညီမှုများကိုသင်ယူခံစားလျှက် အံ့ဩစရာ များဖြင့် ပြည့်နှက်လျှက်ရှိပါသည်။တက်ကြွသောနိုင်ငံတကာအငွေ့အသက်များဖြင့် ကြွယ်ဝသော အစားအစာအမျိုးမျိုးရှိကာ
ကျစ်လစ်သိပ်သည်းသောမြို့တမြို့ဖြစ်သည့် Fukuokaမြို့ သည် သဘာဝ အလှတရား များဖြင့်ပြည့်စုံလျှက် ရှိနေပါသည်။ FFLC ကို 1902 ခုနှစ်၊ (လွန်ခဲ့သော နှစ်ပေါင်း 100 ကျော်)က Fukuokaမြို့တွင် စတင်တည်ထောင်ခဲ့ပါပြီး ထိုအချိန်မှစ၍ FFLC သည် ကမ္ဘာတစ်ဝှမ်းလုံးမှ ကျောင်းသားကျောင်းသူများ နိုင်ငံခြားဘာသာစကား လေ့လာရန် အတူတကွ ရောက်ရှိလာသည့် တက္ကသိုလ်တစ်ခုဖြစ်လာခဲ့ပါသည်။

နိုင်ငံတကာပတ်ဝန်းကျင်နှင့် ကမ္ဘာလုံးဆိုင်ရာ ရှုထောင့်များအပြင်ကုမ္ပဏီအမျိုးမျိုးတွင် အလုပ်သင်အလုပ်သမားမိတ်ဆက်ပေးခြင်း ၊ပြည်ပပညာရေးဆိုင်ရာ အဖွဲ့အစည်း အများအပြားတွင် နိုင်ငံခြားပညာသင်ကြားရေးအစီအစဉ်များရေးဆွဲပေးခြင်း၊ ဒေသတွင်းအသိုင်းအဝိုင်းများပါ၀င်သည့်အခမ်းအနားများစွာစီစဥ်ပေးခြင်း နှင့် ကျောင်းဝင်ခွင့် လျှောက်ထားပေးခြင်း စသည့်စနစ်များကို ဖန်တည်းကာ ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။တက္ကသိုလ်ကျောင်းသားများ နှင့် ဆက်စပ်နေသူများ အားလုံးသည်မိသားစုကြီးတစ်ခုအဖြစ် အတူတကွကြီးပြင်းလာကြပါသည်။

တိုင်ပင်ဆွေးနွေးခြင်း။

အသေးစိတ်အတွက်၊ ဤနေရာတွင် ဖတ်ရှုပါ။


Return TOP


ကျွန်ုပ်တို့၏ မျှော်မှန်းချက်သည် “လူတိုင်း မိမိတို့၏ အိပ်မက်များကိုအကောင်အထည် ဖော်ရန် လူ့အဖွဲ့အစည်းများ ဖွဲ့စည်းကာ ထိုအိပ်မက်များအမှန်တကယ် ဖြစ်ပေါ် လာစေရန် စိန်ခေါ်မှုများကိုလည်း တွန်းလှန်ရမည်”ဖြစ်ပါသည်။

Fukui Language Academy ( FLA ) သည် 2017 ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော(ဖွင့်လှစ်ခွင့်ပြုထားသော)ဂျပန်ဘာသာစကားသင်တန်းကျောင်းတစ်ကျောင်းဖြစ်ပါသည်။ကျောင်းစတင်တည်ထောင်ချိန်မှစ၍ နိုင်ငံတကာ ကျောင်းသားများစွာကိုဖိတ်ခေါ်နိုင်ခဲ့ပါ သည်။ ဘွဲ့ရပြီးနောက် ကျောင်းသားများသည် တက္ကသိုလ်၊(ကောလိပ်)အသက်မွေးဝမ်း ကျောင်း သို့ ဆက်တက်ရန်၊ သို့မဟုတ်အလုပ်တစ်ခုရရန် ၊ ၎င်းတို့၏နိုင်ငံသို့ ပြန်ရန်နှင့် ဂျပန်ဘာသာစကားကျွမ်းကျင်မှုကိုအသုံးပြု၍ စီးပွားရေးလုပ်ငန်းတစ်ခု စတင်ရန်စသောရွေးချယ်စရာအမျိုးမျိုးရှိလာပါသည်။ ကျောင်း၏ဘွဲ့ရအများစုသည် Fukuiတွင်နေချင်သည် သို့မဟုတ် Fukui သို့ပြန်လာလိုသည်ဟုပြောကြပါသည်။အဘယ်ကြောင့်ဆိုသော် Fukui သည် “ဂျပန်တွင် အပျော်ရွှင်ဆုံးခရိုင်စီရင်စု (Japan Research Institute ၏ “47 Prefectures of Happiness Ranking အရ)” ဟုလူသိများသောကြောင့် ဖြစ်ပါသည်။ ထို့အပြင် FLA ၏
သင်ကြားရေးအစီအစဉ်များသည် ဒေသတွင်းအသိုင်းအဝိုင်းနှင့် ချိတ်ဆက်မှုများကိုရယူနိုင်သောကြောင့်လည်း ဖြစ်ပါသည်။ Fukui သည် ကျေးလက်ဒေသရှိမြို့ငယ်လေးဖြစ်သော်လည်း ဖော်ရွေသောလေထုဖြင့်လုံခြုံအေးချမ်းသောမြို့တစ်မြို့ ဖြစ်ပါသည်။ FLA ၏ စာသင်ခန်းထဲတွင်ဂျပန်ဘာသာ စကားသင်ကြားရုံသာမက၊ ဒေသခံပြည်သူများနှင့် ထိတွေ့နိုင်သည့်သင်ခန်းစာများစွာ ပါဝင်ပေါင်းစပ်ထည့်သွင်းထားသောကြောင့်ဖြစ်ပါသည်။

Fukui သည် 2021 ခုနှစ်တွင် ယဉ်ကျေးမှုပေါင်းစုံ အတူယှဉ်တွဲနေထိုင်မှုမြှင့်တင်ရေး အစီအစဉ်ကိုရေးဆွဲခဲ့ပြီး FLA သည် ၎င်း၏ ဖော်မြူလာတွင် ပါဝင်ခဲ့ပါသည်။ Fukui တွင်နိုင်ငံခြားသားနေထိုင်သူများ အများအပြား ရှိပါသည်။ FLA မှ နိုင်ငံတကာကျောင်းသားများသည်ဂျပန်ဘာသာစကားဖြင့် ဝန်းရံထားသော ပတ်ဝန်းကျင်တွင် လက်တွေ့ကျသောဂျပန်ဘာသာစကားကျွမ်းကျင်စေရန် ၊ ဂျပန်ဘာသာစကားဖြင့် ယဉ်ကျေးမှုအကြောင်းလေ့လာစေရန်၊ဒေသခံပြည်သူများအနေဖြင့် ၎င်းတို့နိုင်ငံ၏ယဉ်ကျေးမှုကို ရင်းနှီးနားလည်နိုင် စေရန်ကူညီပေးရန်မှာလည်း အရေးကြီးလှပါသည်။ အခက်အခဲကြုံရတဲ့အခါ တင်းတင်းကျပ်ကျပ် လမ်းညွှန်မှုများပေးခြင်းအားဖြင့် ယဉ်ကျေးမှုပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေး၊ လွတ်လပ်ရေးနှင့် အနာဂါတ်အိပ်မက်များအား အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်ပါသည်။ အနာဂတ်တွင် နိုင်ငံခြားတွင်ကျောင်းတက်မည့်သူတိုင်း Fukui နှင့် FLA အား ချစ်မိသွားမှာ သေချာပါသည်။ ဤဒေသတွင်သင့်နိုင်ငံမှနိုင်ငံခြားသားအရေအတွက်လည်း တိုးလာမည်ဟု ယုံကြည်ပါသည်။ Fukui တွင် အားလုံး တွေ့ဆုံနိုင်ရန်မျှော်လင့်နေပါသည်။

တိုင်ပင်ဆွေးနွေးခြင်း။

အသေးစိတ်အတွက်၊ ဤနေရာတွင် ဖတ်ရှုပါ။


Return TOP