ဝန်ထမ်း ရွေးချယ်မှု သတ်မှတ်ချက်များ
ဂျပန်နိုင်ငံတွင် အလုပ်လုပ်ရန် လိုအပ်သောအခြေအနေများကိုရှင်းပြပါမည်။

၁။ အလုပ်အကိုင်အခြေအနေများ
ဂျပန်နိုင်ငံတွင် အလုပ်လုပ်ရန် အလုပ်ဗီဇာ ရရှိရန် လိုအပ်ပါသည်။အလုပ်ဗီဇာများတွင် သာမန်အားဖြင့် ‘နည်းပညာ၊ လူမှုဆိုင်ရာ အသိပညာနှင့်နိုင်ငံတကာ လုပ်ငန်း’ (ဥပမာ၊ စက်မှုအင်ဂျင်နီယာများ၊ ဘာသာပြန်များ၊ ဒီဇိုင်နာများ၊ကိုယ်ပိုင်စီးပွားရေး ပုဂ္ဂလိကကုမ္ပဏီများအတွက် ဘာသာစကား သင်တန်းဆရာများစသည်) ဗီဇာများ ရရှိရန် အဓိကပါဝင်သည်။
“၎င်းအတွက် အခြေခံအားဖြင့် တက္ကသိုလ်ဘွဲ့ (ဘွဲ့နှင့်ညီမျှသည့်အရာ)
လိုအပ်ပါသည်။ VISHU သို့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။”
၂။ အလုပ်အကိုင် လုပ်ထုံးလုပ်နည်းများ
ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် လုပ်ထုံးလုပ်နည်းများအတွက် “ပံ့ပိုးကူညီမှု”စာမျက်နှာတွင် ဖတ်ရှုနိုင်ပါသည်။
“၃။ ဂျပန်တွင် ဝန်ထမ်းခန့်အပ်ထားမှုသတ်မှတ်ချက်များ”
ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်လိုပါက အောက်ပါ ဝန်ထမ်းခန့်အပ်ထားမှုအခြေအနေများ နှင့် ကိုက်ညီရမည်။ အသေးစိတ်အချက်အလက်များသည်ကုမ္ပဏီပေါ်မူတည်၍ ကွဲပြားမည်ဖြစ်ပြီး အလုပ်စတင်သည့်အခါတွင်ဝန်ထမ်းခန့်အပ်ထားမှုသတ်မှတ်ချက်များ ကို စစ်ဆေးရန် လိုအပ်မည်ဖြစ်ပါသည်။
၃-၁။ အချိန်ပြည့်ဝန်ထမ်းများနှင့် စာချုပ်ဝန်ထမ်းများ
အချိန်ပြည့်ဝန်ထမ်းများသည် ကုမ္ပဏီတစ်ခုမှတရားဝင်ငှားရမ်းထားသောဝန်ထမ်းများ ဖြစ်ပြီး ၎င်းတို့၏ အလုပ်အကိုင်သက်တမ်းကို ကန့်သတ်ချက်များမရှိဘဲ(အချို့သော အငြိမ်းစားယူသည့်အသက်အရွယ်သို့ရောက်သည်အထိ)အလုပ်လုပ်နိုင်သည်။
စာချုပ်ဝန်ထမ်းဆိုသည်မှာ သတ်မှတ်ထားသောကာလ အလုပ်ခန့်ထားမှုစာချုပ်(အလုပ်စာချုပ်နှင့် အလုပ်အကိုင်အခြေအနေများကို သီးခြားစီ အသိပေးခြင်း)ကဲ့သို့သော သတ်မှတ်စာချုပ်ကာလတစ်ခုအတွက် ငှားရမ်းခံရသူတစ်ဦးဖြစ်သည်။
“၃−၂။ မစမ်းခန့်ကာလနှင့် တရားဝင်အလုပ်ခန့်အပ်ခြင်း”
အစမ်းခန့်ကာလဆိုသည်မှာ ကုမ္ပဏီတစ်ခုသည် ဝန်ထမ်းတစ်ဦးကို အလုပ်ခန့်အပ်သောအခါ၊ ဝန်ထမ်းအဖြစ် ဝင်ရောက်ပြီး ၃လအတွင်း(ကုမ္ပဏီအလိုက်ကွာခြားနိုင်ပါသည်) ကုမ္ပဏီနှင့် ဝန်ထမ်းသည် ဆက်လက်၍အတူတကွ အလုပ်လုပ်နိုင်မလား ဆိုသည်ကို စစ်ဆေးသည့်ကာလဖြစ်ပါသည်။
အစမ်းခန့်ကာလကို သတ်မှတ်ခြင်းအားဖြင့် ကုမ္ပဏီနှင့် ဝန်ထမ်းအကြားမတူညီမှုများကို ရှောင်ရှားရန် စနစ်တစ်ခုလည်းဖြစ်စေနိုင်ပါသည်။
ဤအစမ်းခန့်ကာလမရှိသော ကုမ္ပဏီများရှိသော်လည်း၊ အစမ်းခန့်ကာလပြီးဆုံးပါကတရားဝင်အလုပ်ခန့်အပ်ခြင်းဖြစ်ပါသည်။
၄။ ဂျပန်တွင် လစာပေါ်သတ်မှတ်ပုံစံ
ဂျပန်နိုင်ငံ၏လစာစနစ် အခြေခံမူများကို ရှင်းပြပါမည်။ ကုမ္ပဏီပေါ်မူတည်၍အသေးစိတ် အချက်အလက်များကွဲပြားနိုင်ပါသည်၊ ထို့ကြောင့် အလုပ်ဝင်သောအခါအလုပ်ခန့်အပ် သော ကုမ္ပဏီ၏ HRအရာရှိထံမှ ဝန်ထမ်းရွေးချယ်မှုသတ်မှတ်ချက်အကြောင်းအရာ စာများနှင့် အတူ ရှင်းပြချက်ကို ရယူပါ။
၄-၁။ အခြေခံလစာ
ဂျပန်တွင် အခြေခံလစာသည် လစဉ်ငွေဖြင့် အဆိုပြုခြင်းသည် သာမန်ဖြစ်ပါသည်။ဤငွေပမာဏတွင် ရှင်းလင်းချက်ပေးသည့် ကုန်ကျစရိတ်များ ပါဝင်သည်။
၄-၂။ အချိန်ပိုလစာ
ကုမ္ပဏီတစ်ခုစီတွင် ကိုယ်ပိုင်အလုပ်ချိန်များရှိသည်။ အကယ်၍ သင်သည်ဤနာရီပြင်ပ သို့မဟုတ် အချိန်ပိုအလုပ်ဆင်းပါက၊ သင်သည် အချိန်ပိုလုပ်ခကိုရရှိမည်ဖြစ်သည်။ အလုပ်ချိန်ပေါ်မူတည်၍ အချိန်ပိုကြေးကို ပရီမီယံနှုန်းဖြင့်ပေးဆောင်ပါသည်။ ကုမ္ပဏီသို့ဝင်ရောက်ပြီးနောက်၊အလုပ်စည်းမျဉ်းများစသည်တို့ကိုစစ်ဆေးပါ။
၄-၃။ ဘောနပ်စ်
ကုမ္ပဏီအလိုက် ကွဲပြားသော်လည်း ဂျပန်နိုင်ငံတွင် အခြေခံလစာအပြင်ထောက်ပံ့ကြေးနှင့် ဘောနပ်စ်များကို ပေးဆောင်ပါသည်။
ဘောနပ်စ်များသည် ကုမ္ပဏီ၏စွမ်းဆောင်ရည်ပေါ် မူတည်သော်လည်းဂျပန်ကုမ္ပဏီများ တွင် ၎င်းတို့ကို တစ်နှစ်လျှင် နှစ်ကြိမ် ပေးဆောင်လေ့ရှိသည်။ဇွန်လနှင့် ဒီဇင်ဘာလများ တွင် လုပ်အားခမှ သီးခြားပေးဆောင်လေ့ရှိသည်။
ပေးချေမှုပမာဏကို ကုမ္ပဏီ၏ စွမ်းဆောင်ရည်၊ တစ်ဦးချင်းအလုပ်ကျင့်ဝတ်၊ပံ့ပိုးကူညီမှုစသည်ဖြင့် ဆုံးဖြတ်သည်။
သင့်နှစ်စဉ်ဝင်ငွေကို တွက်ချက်ရာတွင် ဤပမာဏကို ထည့်သွင်းစဉ်းစားရပါမည်။
၄-၄။ ထောက်ပံ့ကြေးအမျိုးမျိုး
အခြေခံလစာအပြင် အချို့ကုမ္ပဏီများသည် အောက်ပါ ထောက်ပံ့ကြေးများကိုပေးဆောင်နိုင်ပါသည်- သင့်ကုမ္ပဏီ၏ အလုပ်စည်းမျဉ်းများကို စစ်ဆေးပါ။
ရာထူးစရိတ် | ဌာနမန်နေဂျာ၊ အပိုင်းမန်နေဂျာ ၊လက်ထောက်မန်နေဂျာကဲ့သို့ ကုမ္ပဏီ၏ရာထူးပေါ်မူတည်၍ စရိတ်စကပေးဆောင်ခြင်းများရှိနိုင်ပါသည် |
---|---|
အရည်အချင်း ထောက်ပံ့ကြေး | ဂျပန်ဘာသာစကားကျွမ်းကျင်မှု သို့မဟုတ် တရားဝင်အသိအမှတ်ပြုအရည်အချင်းလက်မှတ်များကို ရယူရန်အတွက် ထောက်ပံ့ကြေးများကို ပေးဆောင်သည့် ကုမ္ပဏီများလည်းရှိပါသည်။ |
မိသားစု ထောက်ပံ ကြေး | သင့်တွင် အိမ်ထောင်ဖက်နှင့် သားသမီးများရှိပါက မိသားစုထောက်ပံ့ကြေး ပေးဆောင်မှုများလည်း ရှိပါသည်။ |
အိမ်ရာစရိတ် | အိမ်ပိုင် သို့မဟုတ် ငှားနေသူများအတွက် အိမ်ရာထောက်ပံ့ကြေး ပေးနိုင်သည်။ |
သွားလာစာရိ တ် | ရုံးသွားလာမှုများအတွက် ခရီးစရိတ်များကို အခြေခံအားဖြင့် တစ်လတစ်ခါ ပေးဆောင်ပါသည်။ လုပ်ငန်းသုံး ခရီးစဉ်များအတွက် လိုအပ်သော ခရီးစရိတ်နှင့် တည်းခိုစရိတ်၊ ပြည်တွင်းခရီးစရိတ်များကို ကိစ္စတစ်ခုချင်းအလိုက် သီးခြားကောက်ခံပါသည်။ ယင်းစရိတ်များသည် လစာပေးချေမှုတွင် ထည့်သွင်းပါဝင်မည်မဟုတ်ပါ။ |
၄-၅။ လုပ်ခလစာမှ နုတ်ယူစရိတ်
ဂျပန်နိုင်ငံတွင် ကုမ္ပဏီများသည် လစာမပေးမီ ဒေသဆိုင်ရာ အစိုးရအေဂျင်စီများနှင့်အဖွဲ့အစည်းများကိုယ်စား လစာပမာဏအလိုက် အောက်ပါအခကြေးငွေများကိုကြိုတင်ကောက်ခံရန် လိုအပ်ပါသည်။
ဝင်ငွေခွန် | ဤသည်မှာ သင့်ဝင်ငွေအပေါ်အခြေခံ၍အစိုးရကိုပေးဆောင်ရသော အခွန်ဖြစ်သည်။ ဂျပန်နိုင်ငံတွင် အလုပ်သမားတိုင်း တိုင်းပြည်အတွက် အခွန်ပေးဆောင်ရန်အခြေခံအားဖြင့် တာဝန်ရှိပါသည်။ ဝင်ငွေပမာဏပေါ်မူတည်၍အခွန်ပမာဏကို သတ်မှတ်ပါသည်။ ခရီးစရိတ်မှလွှဲ၍ ထောက်ပံ့စာရိတ် နှင့်အချိန်ပိုစာရိတ်များအတွက်လည်းအခွန်ပေး ဆောင်ရပါမည်။ |
---|---|
ကျန်းမာရေးအာမခံငွေ | ကျန်းမာရေးအာမခံငွေသည် ကိုယ်ပိုင်သို့မဟုတ် မိသားစုဝင်များအနေဖြင့်ရောဂါ နှင့်ထိခိုက်မှုများကြောင့် ဆေးရုံသို့သွားရသော စရိတ်၏ အစိတ်အပိုင်းတစ်ခုကို တာဝန်ခံစေခြင်းအတွက် ပေးဆောင်ရသော စရိတ်ဖြစ်ပါသည်။ဤအာမခံကို ပေးဆောင်ထားခြင်းအားဖြင့် ရောဂါနှင့်ထိခိုက်မှုရချိန်တွင် ပုဂ္ဂိုလ်တစ်ဦး၏ တာဝန်ခံစရိတ်များကို လျော့နည်းစေနိုင်ပါသည်။ |
ဝန်ထမ်းအသက်မွေးဝမ်းကြော င်းအာမခံငွေ | အငြိမ်းစားယူပြီးနောက် ဂျပန်နိုင်ငံတွင် ဆက်လက်နေထိုင်ပါက အသက် ၆၅နှစ် ပြည့်ပြီးနောက် ပင်စင်ရရှိမည်ဖြစ်သည်။ အာမခံအတွက် ကြိုတင်ငွေပေးချေရပါမည်။ အကယ်၍ သင်သည် ဂျပန်ကုမ္ပဏီတစ်ခုတွင်အလုပ်လုပ်ပါက အခြေခံအားဖြင့် ဤအာမခံတွင် စာရင်းသွင်းရန်လိုအပ်ပါသည်။ အကယ်၍ သင်သည် အလုပ်မှထွက်ပြီး သင့်မွေးရပ်နိုင်ငံသို့ ပြန်လာပါက၊သင်ပေးဆောင်ခဲ့သော အခကြေးငွေ၏ တစ်စိတ်တစ်ပိုင်းကို ပြန်အမ်းပေးရန်လျှောက်ထားနိုင်ပြီး ၎င်းတို့ကို သင့်ထံ ပြန်လည်ပေးအပ်ပါသည်။ |
အလုပ် မတော်တဆ အာမခံ | အလုပ်ချိန်အတွင်း မတော်တဆထိခိုက်မှု သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပွား ပါက ကုန်ကျစရိတ်များ ကာမိမည်ဖြစ်ပါသည်။မကြာသေးမီက မအားလပ်သောအလုပ်များ (အချိန်ပိုများစွာအပါအဝင်) အလုပ်ချိန်ကြာမြင့်စွာလုပ်ခြင်းသည် စိတ်ဓာတ်ကျခြင်း ၊ အခြားကျန်းမာရေးပြဿနာများကိုဖြစ်ပေါ်စေပြီး အစိုးရအနေဖြင့် လျော်ကြေးပေးရန်နှင့်ယင်းတို့ကို အလုပ်နှင့်ဆက်စပ်သောမတော်တဆမှုအဖြစ် အသိအမှတ်ပြုရန်လုပ်ဆောင် လာခြင်းဖြစ်ပါသည်။ |
နေထိုင်ခွန် | မိမိနေထိုင်သည့်မြို့ကို နေထိုင်ခွန်ပေးဆောင်ရပါသည်။ ယခင်နှစ်မှရရှိသောစုစုပေါင်းဝင်ငွေပမာဏပေါ် မူတည်ပြီး နောက်နှစ်၏နေထိုင်ခွန်ကိုဆုံးဖြတ်ပါသည်။ကုမ္ပဏီမှသင့်ကိုယ်စား ဤအခွန်ကို ကောက်ခံရန် တာဝန်ရှိပါသည်။ |
၅။ နှစ်စဉ်ဝင်ငွေနှင့် ကိုယ်ပိုင်ရရှိသော ငွေပမာဏ
အထက်ပါအချက်များသည် ဂျပန်နိုင်ငံ၏ လစာစနစ်ဖြစ်ပါသည်၊ သို့သော်ဂျပန်နိုင်ငံပြင်ပ တွင် တစ်နှစ်လစာမည်မျှရှိမည်၊ ကိုယ်ပိုင်ဝင်ငွေမည်မျှရရှိမည်ကိုမကြာခဏမေးလေ့ ရှိသည်။
ကိုယ်တိုင်အသုံးဝင်စေရန် အောက်ပါအတိုင်း စီစဉ်ထားပါသည်။
အမျိုးအစား | အသေးစိတ် |
---|---|
လစဉ်ဝင်ငွေ | အခြေခံလစာ |
အချိန်ပိုလစာ | |
ထောက်ပံ့ကြေးအမျိုးမျိုး | |
လမ်းပမ်းဆက်သွယ်ရေးစရိတ် | |
လစဥ် ဖြတ်တောက်စရိတ် | ဝင်ငွေခွန် |
ကျန်းမာရေးခွန် | |
ပင်စင်ခွန် | |
အလုပ် မတော်တဆ အာမခံခွန် | |
နေထိုင်ခွန် | |
လစဥ်ကိုယ်ပိုင်ရရှိငွေ | လစဉ်ဝင်ငွေ – လစဉ် ဖြတ်တောက်စာရိတ်ငွေ |
ဘောနပ်စ် | အပိုဆု (တစ်နှစ်လျှင် နှစ်ကြိမ်) |
ဝင်ငွေခွန် (ဘောနပ်စ်၊ တစ်နှစ်လျှင် နှစ်ကြိမ်)၊ | |
စုစုပေါင်းဝင်ငွေ(နှစ်စဉ်ဝင်ငွေ) | လစဉ်ဝင်ငွေ x 12 လ + ဘောနပ်စ် x 2 |
စုစုပေါင်း ကိုယ်ပိုင်ရရှိငွေ | လစဉ်ဝင်ငွေ x 12 လ + ဘောနပ်စ် x 2 – လစဉ် ဖြတ်တောက်စရိတ် x 12 လ – ဝင်ငွေခွန် (ဘောနပ်စ်) x 2 |
အဖွဲ့ဝင်အဖြစ်စာရင်းသွင်းပါ။
အဖွဲ့ဝင်အဖြစ် စာရင်းသွင်းပြီး ကိုယ်ရေးမှတ်တမ်းကို ပေးပို့ပါ။