အထူးကျွမ်းကျင်မှုထောက်ပံ့ရေး
“အသစ်အတည်ပြုထားသော ‘ကျွမ်းကျင်လုပ်သား’ နိုင်ငံခြားအလုပ်သမားများကိုသင့်ကုမ္ပဏီတွင် အဘယ်ကြောင့် အသုံးပြုသင့်သနည်း ။
“VISHU သည် သင့်လိုအပ်ချက်များနှင့် ကိုက်ညီသော ဝန်ထမ်းများကိုမိတ်ဆက်ပေးပါမည်။”
ကျွမ်းကျင်လုပ်သား [အသစ်။]
2023 မှစ၍ ကျွမ်းကျင်လုပ်သားအမှတ် ၂နယ်ပယ်အား လုပ်ငန်းအမျိုးအစား
12မျိုးအထိ တိုးချဲ့သွားထားပြီဖြစ်ပါသည်။
လုပ်ငန်းအမျိုးအစားများ
1.ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်း
2.အစောက်အဦးသန့်ရှင်းရေးလုပ်ငန်း
3.စက်မှုလုပ်ငန်းသုံး စက်ယန္တရားများနှင့် လျှပ်စစ်၊ အီလက်ထရွန်နစ်နှင့်သတင်းအချက်အလက်ဆိုင်ရာ ထုတ်လုပ်မှုကဏ္ဍများလုပ်ငန်း (2022ခုနှစ်တွင် ပေါင်းစည်းခဲ့သည်)
4.ဆောက်လုပ်ရေးလုပ်ငန်း
5.သင်္ဘောတည်ဆောက်ရေးနှင့် ရေကြောင်းလုပ်ငန်း
6.မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်း
7.လေကြောင်းလုပ်ငန်း
8.ဟော်တည်လုပ်ငန်း
9.စိုက်ပျိုးရေးလုပ်ငန်း
10.ငါးဖမ်းလုပ်ငန်း
11.စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်း
12.အစားအသောက်ဝန်ဆောင်မှုလုပ်ငန်း
အရည်အချင်းစစ်စာမေးပွဲအကြောင်း
(ကျွမ်းကျင်လုပ်သား) ဗီဇာအတွက် လုပ်ငန်းများမှာ
အောက်ပါအတိုင်းဖြစ်သည်။
ကျွမ်းကျင်လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သောနိုင်ငံခြားသားများအတွက် ဗီဇာ (နေထိုင်ခွင့်) ဖြစ်ပြီး၊
အချို့သောလိုအပ်ချက်များရှိပါသော်လည်း၊ အထူးပြုနည်းပညာ သို့မဟုတ်ကျွမ်းကျင်နည်းပညာရှင်များအတွက် ဆုံးဖြတ်ချက် မလိုအပ်ဘဲ၊ ရိုးရိုးကုန်သွယ်လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်နိုင်ပါသည်။ရည်ရွယ်ထားသော နယ်ပယ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
အသေးစိတ်အချက်အလက်များအတွက် “Specific Skills Visa Classification Work”ကို ဖတ်ရှုပါ။
VISHU သည် “အထူးကျွမ်းကျင်လုပ်သား” နိုင်ငံခြားသားများအတွက်အလုပ်အကိုင်ပံ့ပိုးပေးသည့် မှတ်ပုံတင်ထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။
“ကျွမ်းကျင်လုပ်သား” နိုင်ငံခြားသားများကို လက်ခံဆောင်ရွက်ရသောအခါအောက်ပါ ပံ့ပိုးမှုများလိုအပ်ပါသည်-
အလုပ်ခန့်အပ်ပေးသည့်ကုမ္ပဏီများကိုယ်စား ကျွန်ုပ်တို့က ပံ့ပိုးပေးပါသည်။
VISHU သည် “ကျွမ်းကျင်လုပ်သား” နိုင်ငံခြားအလုပ်သမားများအတွက်အလုပ်အကိုင်ပံ့ပိုးပေးသည့် မှတ်ပုံတင်ထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။
(လိုအပ်သောစာရွက်စာတမ်းများ)
ဝန်ထမ်းခေါ်ယူသည့်အခါ အလုပ်ခန့်အပ်သောကုမ္ပဏီဖက်မှ အောက်ပါစာရွက်စာတမ်း များကို ပြင်ဆင်ရမည်ဖြစ်ပါသည်။
※ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းပြသည့် စာရွက်များ(လက်ကမ်းစာစောင်များ စသည်ဖြင့်)၊
※ လုပ်ငန်းခွင်အခြေအနေများကိုရှင်းလင်းစွာဖော်ပြထားသောစာရွက်စာတမ်း
※လတ်တလော ဘဏ္ဍာရေးရှင်းတမ်းများ မိတ္တူ
※ မှတ်ပုံတင် အချက်အလက် မူရင်းလိပ်စာပို့ခြင်းအတွက် အမှတ်စာ
(၎င်းပေါ်တွင် လိပ်စာရှင်းလင်းစွာရေးထားသော စာအိတ်တစ်ခုနှင့် 404ယန်းတံဆိပ်ခေါင်း (မှတ်ပုံတင်ထားသောစာအတွက်) ကပ်ထားပါသည်။)
တင်ပြရမည့်စာရွက်စာတမ်းများသည် ကုမ္ပဏီ၏အရွယ်အစားပေါ်မူတည်၍ကွဲပြားနိုင်ပါသည်။ ထို့ကြောင့် အသေးစိတ်အချက်အလက်များအတွက်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင်”နေထိုင်ခွင့်အတည်ပြုလက်မှတ် ထုတ်ပေးမှု လျှောက်လွှာ” ကို သေချာစွာစစ်ဆေးနိုင်ပါသည်။
အလုပ်ခန့်ထားသည့်အခါတွင်၊ VISHU ဝန်ထမ်းများသည်အလုပ်အကိုင်အခြေအနေ၊ လုပ်ငန်းခွင်အခြေအနေများနှင့်ပံ့ပိုးကူညီမှုအစီအစဉ်ကို အခြေခံ၍ ဂျပန်နိုင်ငံတွင်အလုပ်လုပ်ခြင်းနှင့်ပတ်သက်သည့် အခြားအချက်အလက်များကိုနားလည်ရလွယ်ကူသောဒေသခံဘာသာစကားဖြင့် ရှင်းပြပါမည်။
အလုပ်ခန့်အပ်ခြင်း အတည်ပြုပြီးပါက VISHUမှအထက်ပါ စာရွက်စာတမ်းများကို ပြင်ဆင်ပြီး နေထိုင်ခွင့်အတည်ပြုလက်မှတ် လျှောက်လွှာကိုနိုင်ငံခြားရေးဝန်ကြီးဌာနသို့ တင်ပြပေးရန် လိုအပ်ပါသည်။
နေထိုင်ခွင့် ထုတ်ပေးပြီးသည်နှင့် ၊ ၎င်းကို အလုပ်အကိုင်အတည်ပြုသူထံပို့ပေးပြီး၊ ဂျပန်သံရုံးတွင် ဗီဇာ ထုတ်ပေးမည်ဖြစ်ပါသည်။
အဆိုပါ ပံ့ပိုးကူညီမှုအစီအစဉ်များအပေါ် အခြေခံ၍ VISHU သည်နေထိုင်သူမှတ်ပုံတင်ခြင်း၊ နေထိုင်ခွင့်ကတ်ထုတ်ပေးခြင်းဆိုင်ရာလုပ်ငန်းစဉ်များ အပါအဝင် ၊ လေဆိပ်မှကုမ္ပဏီသို့ပို့ဆောင်ခြင်း၊ဂျပန်နိုင်ငံတွင် တည်းခိုနေထိုင်နိုင်ရန် စီစဉ်ပေးခြင်း၊ Japan စာတိုက် Bankအကောင့်ဖွင့်ခြင်းနှင့် Business Manner သင်တန်းများပို့ချခြင်းများအားအစအဆုံး ပံ့ပိုးကူညီပေးမည် ဖြစ်ပါသည်။
ကျေးဇူးပြု၍ အောက်ပါလင့်ခ်မှတဆင့် ဆက်သွယ်မေးမြန်းပါ။
တောင်းဆိုချက်တခုထားခဲ့ပါ၊ ကျွန်တော်တို့ပြန်လည်ဆက်သွယ်ပေးမည်ဖြစ်ပါသည်။